Information

ကြိုတင်သိရှိ ပြင်ဆင်ထားရမည့် အချက်များ

  1. ဘာသာစကား ပြောင်းလဲခြင်း အခက်အခဲ ရှိပါသည်။
  2. ပါတ်ဝန်းကျင် ပြောင်းလဲခြင်း အခက်အခဲ ရှိပါသည်။
  3. အစားအသောက် ပြောင်းလဲခြင်း အခက်အခဲ ရှိပါသည်။
  4. နေထိုင်မှု ပြောင်းလဲခြင်း အခက်အခဲများ ရှိပါသည်။
  5. မိမိတိုင်းပြည်၊ မိမိနေရပ်၊ မိမိမိသားစုကို လွမ်းရမည့် အခက်အခဲများရှိပါသည်။

ဤအခက်အခဲ (၅)ရပ်ကို ကျော်လွှားနိုင်မှသာ သွားရောက်လုပ်ကိုင်ပါရန်။

လူတွေ့စစ်ဆေးခြင်းနှင့် စာချုပ်ခြင်း

  1. မှတ်ပုံတင်မူရင်း ယူဆောင်လာရမည်။
  2. လူတွေ့စစ်ဆေးရန် စာရင်းပေးရမည်။
  3. အရပ်အမြင့် ကိုယ်အလေးချိန် တိုင်းတာရမည်။
  4. စနစ်တကျတန်းစီပြီး လူတွေ့စစ်ဆေးခံရမည်။
  5. လူတွေ့စစ်ဆေးခြင်းအောင်မြင်ပါက စာချုပ်ရန် လည်ဆွဲကတ် ထုတ်ပေးမည်။
  6. လည်ဆွဲကတ်နှင့်အတူ မှတ်ပုံတင်မိတ္တ္တူယူဆောင်၍ ဆေးစစ်ခြင်းဆောင်ရွက်ရမည်။
  7. စာချုပ်ရန်အတွက် ရုံးသို့ရောက်ရှိရမည့် နေ့ရက်/အချိန် မေးမြန်းမှတ်သားရမည်။
  8. စာချုပ်ရန်အတွက် သတ်မှတ်နေရာနှင့် သတ်မှတ်အချိန်ရောက်ရှိရန် လာရမည်။
  9. စာချုပ်မချုပ်မီ မရှင်းလင်းသည့် အချက်များအား မေးမြန်းထားရပါမည်။
  10. စာချုပ်သွားရန်အတွက် ကားပေါ်သို့ စနစ်တကျ တက်ရပါမည်။

စေလွှတ်ချိန်တွင် ယူဆောင်လာရန်

  1. မှတ်ပုံတင်မူရင်း
  2. အိမ်ထောင်စုဇယားမိတ္တူ။
  3. စာချုပ် ချုပ်စဉ်ပေးအပ်သော လည်ဆွဲကတ်။
  4. ရပ်ကွက်နေထိုင်ကြောင်းထောက်ခံစာ။
  5. ရဲစခန်းမှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ။
  6. တာဝန်ခံ (သို့) မိဘ (သို့) ဇနီး/ခင်ပွန်းအား ဝန်ခံကတိလက်မှတ်ရေးထိုးရန် ခေါ်ဆောင်လာရမည်။
  7. ထိုင်းနိုင်ငံသို့ရောက်ရှိပြီး လုပ်အားခမရရှိသေးမှီ သုံးစွဲရန် ငွေကြေး။
  8. ကိုယ်ပိုင်သုံးစွဲမည့် အဝတ်အစား၊အိမ်သုံးဆေးနှင့် အခြားလိုအပ်ပစ္စည်းများ။

အထူးသတိပြုရန်

သွားရောက်လုပ်ကိုင်မည့် လုပ်ငန်းအမျိုးအစား၊ လုပ်ငန်းသဘာဝ၊ လုပ်အားခ၊ အချိန်ပိုကြေး၊ နေရာထိုင်ခင်း၊ အစားအသောက် စသည်တို့ကို ဓါတ်ပုံများနှင့်တကွ သေချာစွာရှင်းလင်း ပြောပြမည်ဖြစ်ပြီး၊ မိမိနှင့်ကိုက်ညီသော အလုပ်အမျိုးအစားကို ရွေးချယ်စာချုပ်ချုပ်ဆိုရမည် ဖြစ်သည်။

ရွေးချယ်ပြီးသောအလုပ်တွင် စာချုပ်ချုပ်ဆိုပြီးပါက မည်သည့်အကြောင်းကြောင့်ဖြစ်စေ ဝန်ဆောင် မှုစရိတ်ကို ပြန်မအမ်းပါ။ သတ်မှတ်ထားသော ကုမ္ပဏီစည်းကမ်းများ၊ လုပ်ငန်းခွင်စည်းကမ်းများ၊ ထိုင်းနိုင်ငံ၏ ဥပဒေများ၊ ဓလေ့ထုံးစံများကို တိကျစွာလိုက်နာပါမည်ပာုဝန်ခံကတိပြု လက်မှတ်ရေးထိုး ရမည်ဖြစ်ပြီးစည်းကမ်း ဖောက်ဖျက်ပါက သတ်မှတ်ထားသောလျော်ကြေးငွေများ၊ နစ်နာကြေးများကို သက်ဆိုင်ရာမိဘ (သို့မပာုတ်) ဇနီးမယား (သို့မပာုတ်) တာဝန်ခံသောပုဂ္ဂိုလ်မှ ပေးလျော်ရမည့် အပြင်တရားရုံးမှချမှတ်သော ပြစ်ဒဏ်များ ကိုခံယူရမည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များကို Labour Asia Services Co.,Ltd ရုံးများတွင် မေးမြန်းနိုင်ပါသည်။

(၁.၁.၂၀၁၆) ရက်နေ့မှ ပြည်ပသို့ အလုပ်သွားလုပ်မည့် နိုင်ငံကူးလက်မှတ် Passport (PJ) အမျိုးအစားဖြင့်သာ စာချုပ်ချုပ်ဆိုပေးမည်ဖြစ်ပါသည်။

နိုင်ငံကူးလက်မှတ် ပြုလုပ်ရန်လိုအပ်ချက်များ

  1. မှတ်ပုံတင်မူရင်း (နိုင် ၆/က) ဖြစ်ရမည်။
  2. သန်းခေါင်စာရင်းမူရင်း (ပုံစံ ၆၆/၆) ဖြစ်ရမည်။
  3. အသက် (၁၈)နှစ်ပြည့်ပြီးသူများသာ အလုပ်ဖြင့်သွားရောက်သည့် နိုင်ငံကူးလက်မှတ်ထုတ်ပေးနိုင်သည်။
  4. လူကိုယ်တိုင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ဆောင်ရွက်ရမည်။
  5. Passport ရရှိရန် (၁၀)ရက်ခန့်ကြာမည်။

နိုင်ငံတော်မှထုတ်ပေးသော နိုင်ငံကူးလက်မှတ် အမျိုးအစားများ

  1. (PV) ပြည်ပသို့ အလည်သွားရောက်မည့် သူများအတွက်။
  2. (PE) ပြည်ပသို့ ကျောင်းတက်သွားရောက်မည့် သူများအတွက်။
  3. (PJ) ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် သူများအတွက်။
  4. (PS) ပြည်ပသို့ သင်္ဘောသားအဖြစ်သွားရောက်မည့် လူများအတွက်။
  5. (PR) ပြည်ပသို့ ဘာသာရေးအဖြစ်သွားရောက်မည့် လူများအတွက်။
  6. (PT) ပြည်ပသို့ မှီခိုအဖြစ်သွားရောက်မည့် သူများအတွက်။
  7. (PM) ပြည်ပသို့ သွားရောက်ဆေးကုသမည့် သူများအတွက်။
  8. (PB) ပြည်ပသို့ စီးပွားရေးကိစ္စဖြင့်သွားရောက်မည့် သူများအတွက်။