ဤအခက်အခဲ (၅)ရပ်ကို ကျော်လွှားနိုင်မှသာ သွားရောက်လုပ်ကိုင်ပါရန်။
သွားရောက်လုပ်ကိုင်မည့် လုပ်ငန်းအမျိုးအစား၊ လုပ်ငန်းသဘာဝ၊ လုပ်အားခ၊ အချိန်ပိုကြေး၊ နေရာထိုင်ခင်း၊ အစားအသောက် စသည်တို့ကို ဓါတ်ပုံများနှင့်တကွ သေချာစွာရှင်းလင်း ပြောပြမည်ဖြစ်ပြီး၊ မိမိနှင့်ကိုက်ညီသော အလုပ်အမျိုးအစားကို ရွေးချယ်စာချုပ်ချုပ်ဆိုရမည် ဖြစ်သည်။
ရွေးချယ်ပြီးသောအလုပ်တွင် စာချုပ်ချုပ်ဆိုပြီးပါက မည်သည့်အကြောင်းကြောင့်ဖြစ်စေ ဝန်ဆောင် မှုစရိတ်ကို ပြန်မအမ်းပါ။ သတ်မှတ်ထားသော ကုမ္ပဏီစည်းကမ်းများ၊ လုပ်ငန်းခွင်စည်းကမ်းများ၊ ထိုင်းနိုင်ငံ၏ ဥပဒေများ၊ ဓလေ့ထုံးစံများကို တိကျစွာလိုက်နာပါမည်ပာုဝန်ခံကတိပြု လက်မှတ်ရေးထိုး ရမည်ဖြစ်ပြီးစည်းကမ်း ဖောက်ဖျက်ပါက သတ်မှတ်ထားသောလျော်ကြေးငွေများ၊ နစ်နာကြေးများကို သက်ဆိုင်ရာမိဘ (သို့မပာုတ်) ဇနီးမယား (သို့မပာုတ်) တာဝန်ခံသောပုဂ္ဂိုလ်မှ ပေးလျော်ရမည့် အပြင်တရားရုံးမှချမှတ်သော ပြစ်ဒဏ်များ ကိုခံယူရမည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များကို Labour Asia Services Co.,Ltd ရုံးများတွင် မေးမြန်းနိုင်ပါသည်။
(၁.၁.၂၀၁၆) ရက်နေ့မှ ပြည်ပသို့ အလုပ်သွားလုပ်မည့် နိုင်ငံကူးလက်မှတ် Passport (PJ) အမျိုးအစားဖြင့်သာ စာချုပ်ချုပ်ဆိုပေးမည်ဖြစ်ပါသည်။